မဟာအောင်မြေမြို့နယ် ၊ မဟာမြိုင်(၂)ရပ်ကွက်တွင် Mask Campaign ပြုလုပ်

မဟာအောင်မြေ စက်တင်ဘာ ၁၆

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ကံလှဈေးတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဗိုလ်မှူးဆွေလွင်အောင်၊ စခန်းမှူးဒု-ရဲမှုး ကျော်မိုး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံ၊ မြို့နယ် စည်ပင် ဒု-အုပ်ချုပ်‌ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးညွန့်ဝင်းအောင်၊ မဟာမြိုင်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်နှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၇၀) ဦးခန့်တို့ ပူးပေါင်း၍ ကံလှဈေးရှေ့၌ ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများ ပေါ့ဆနေခြင်း မရှိစေဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်အသုံးပြုနိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်းထိုးနှံခြင်းနှင့် ဗီဇပြောင်း ကိုဗစ်ရောဂါပိုးများ၏ အန္တရာယ်မှ ကာကွယ်ရန်၊ ပြည်သူများကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ အသိပညာပေးလက်ကမ်းစာစောင် (၂၀၀) ရွက်၊ နှာ ခေါင်းစည်း (Mask) (၁၀၀၀) ခုအား (အခမဲ့)ဝေငှတပ်ဆင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း