ရွှေကူ စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဗီတာမင်အေနှင့် သန်ချဆေးကို ကလေးငယ်များအတွက် အာဟာရချို့တဲ့မှုများမှ ကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်းစေရေးအတွက် (၆)လလျှင်တစ်ကြိမ် ပုံမှန် တိုက်ကျွေးပေးလျက်ရှိရာ အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးရန် ရောက်ရှိလာသည့် ကလေးငယ်များကို မြို့နယ်မိခင်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဆရာမများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကလေးငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ဗီတာမင်အေနှင့် သန်ချဆေးကို တိုက်ကျွေးပေးကြကြောင်း သိရှိရသည်။
ခင်ပပသိန်း
ပြန်/ဆက်