မင်းပြား စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက မင်းပြားမြို့နယ်အတွင်း ငါးသယံဇာတတိုးပွားရေးနှင့် ရေရှည်တည်တံ့ရေးအတွက် လေးမြို့မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က အဉ္စနနဒီရေယာဉ်ဆိပ်ကမ်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီးမင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ငွေစိုးက မင်းပြားမြို့နယ်တွင် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ်တိုးတက်စေပြီး ငါးသယံဇာတများရေရှည် ထုတ်ယူအသုံးချနိုင်ရန်နှင့် ငါးရိက္ခာဖူလုံစေရန် ငါးမွေးမြူရေးနှင့်ငါးသားပေါက်စခန်း၌ ငါးသားပေါက် ငါးသယံဇာတတိုးပွားရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊လူမှုအဖွဲ့အစည်းများ၊ ပြည်သူများကငါးမြစ်ချင်း ၂ လက်မဆိုဒ် ငါးကောင်ရေ(၅၈၀၀၀၀)အား လေးမြို့မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ကြကြောင်း သိရသည်။
သိန်းနုအောင် (ပြန်/ ဆက်)