မတ္တရာမြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများသို့ ရောင်းချပေး

မတ္တရာ   စက်တင်ဘာ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်အစီအစဉ်ဖြင့် ပြင်ပပေါက်ဈေး ထက်သက်သာသော ဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်(၇)နာရီအချိန်က မတ္တရာမြို့ ဗိုလ်တေဇပန်းခြံရှေ့တွင် ရောင်းချပေးခဲ့သည်။

ထို့သို့ရောင်းချရာတွင် အမှတ်(၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသန်းကျော် ဦးစီးသောတပ်ဖွဲ့ဝင်များ၊ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍  အခြေခံစားသောက် ကုန်များဖြစ်သည့်  ဆန်(၁)ပြည် ၁၆၀၀ ကျပ်နှုန်းဖြင့် ဆန် ၃၀ အိတ်၊ ဆီ(၁)ပိဿာ ၆၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၃၀၀၊ ကြက်ဥ(၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့် ၃၀၀၀ လုံး၊ ကြက်သွန်နီ ၁ ပိဿာ ၃၆၀၀ ကျပ်နှုန်းဖြင့် ၁၂၀၀ ပိဿာ၊ အာလူး ၁ ပိဿာ ၂၄၀၀ ကျပ်နှုန်းဖြင့် ၃၀၀ ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာ  ၂၀၀၀ နှုန်းဖြင့် ၂၀၀ ပိဿာနှင့် ငါး ၁ ပိဿာ ၃၀၀၀ ကျပ်နှုန်းဖြင့် ၁၂၀ ပိဿာ အား ပြည်သူများအား ရောင်းချပေးခဲ့သည်။

အခြေခံစားသောက်ကုန်များကို ပြည်သူများထံ ဈေးနှုန်းချိုသာစွာ ထပ်မံရောင်းချ‌နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)