ရွာငံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရွာငံ   စက်တင်ဘာ ၁၅

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီ က ရွာငံမြို့၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရွာငံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်ထူး က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး မှ လည်းကောင်း၊ မြို့နယ်ကျန်းမာရေးနှင့်ကုရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်ဝင်းလတ် မှ ကိုဗစ်-၁၉ ဆိုင်ရာ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ခင်လေးနွယ် က ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက် များနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုလည်းကောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူ က ရွေးကောက်ပွဲဆိုင်ရာများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးကြ ပါသည်။

ထို့နောက်တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ရွာငံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ (၈)ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၉) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)