မရမ်းကုန်းမြို့နယ်၊ လူထုအ​ခြေပြုဗဟိုဌာန(Community Centre)၌ Book Club အဖွဲ့ဝင်များနှင့် ရေးသူဖတ်သူ​ဆွေး​နွေးပွဲကျင်းပ

မရမ်းကုန်း စက်တင်ဘာ ၁၅

ပြည်သူ့စာကြည့်တိုက်သည် ပြည်သူများနားခိုသည့်​နေရာ၊ ဗဟုသုတရှာမှီးရာ​နေရာအဖြစ် အစဉ်ကြိုးပမ်း​ဆောင်ရွက်လျက်ရှိရာ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်လူထုအ​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်​​နေ့မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များနှင့်​ရေးသူဖတ်သူ​ဆွေး​နွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ​ဆွေး​နွေးပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးက စာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် မျိုးဆက်သစ်စာ​ရေးဆရာများအတွက် စာ​ပေ​ဆွေးနွေးပွဲမှ အ​တွေ့အကြုံဗဟုသုများရရှိ​စေရန်နှင့် မိမိတို့၏ Community Centre အား ပြည်သူများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ပြီး အားကိုးအားထားပြုရာ​နေရာအဖြစ်​ဆောင်ရွက်လျက်ရှိ​ကြောင်း ဆွေး​နွေး​ပြောကြားပြီး၊ စာ​ရေးဆရာ​မြေလတ်ထင်​ကျော်မိုးက ယခုလို​ဆွေး​နွေးပွဲနှင့် စာဖတ်ဝိုင်းများကို လစဉ်တစ်လလျှင် တစ်ကြိမ်​​ဆောင်ရွက်​ပေးစေလိုကြောင်း ​ဆွေး​နွေး​ပြောကြားခဲ့သည်။

ထို့​​နောက်မြို့နယ် Book Club အဖွဲ့ဝင် စာ​ရေးဆရာ​ကျော်ထင်ရာဇာ(အင်းရွာ)​ရေးသားသည့်​​မြေမညီ ရေနှင့်ညှိ၊  လူမညီ ငွေနဲ့ညှိဆောင်းပါးအား စာ​ရေးဆရာမပွင့်စန္ဒီကဖတ်ကြားရာ တက်​ရောက်လာသူများမှ ပြန်လည်​ဆွေး​နွေးခဲ့ကြပြီး ပြသထားသည့်စာအုပ်စာစောင်များကြည့်ရှုခြင်းနှင့် ကိုဗစ်-၁၉​ ရောဂါကာကွယ်​ရေး အသိပညာ​ပေးနံရံစာ​စောင်များအား ကြည့်ရှုခဲ့ကြ​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)