မော်လမြိုင် စက်တင်ဘာ ၁၅
မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်လည် ကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူစည်ကားသည့် မောင်ငံဈေးရှေ့တွင် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်း ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်မြို့နယ်အတွင်း ခရီးသွားများနှင့် ဈေးရောင်း/ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာ သူတိုင်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်သွားလာရန်၊ လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးကြောသည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာ ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း(Mask)ကို အခမဲ့ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နှာခေါင်းစည်း(Mask) စုစုပေါင်း (၂၅၀၀)ခု ကိုအခမဲ့ဖြန့်ပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်စန်းမြင့်