မူဆယ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမ၌ ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ရုံးဝန်ထမ်းများ စတုတ္ထအကြိမ်(Booster Dose) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဌာနမှ ဝန်ထမ်းဆရာမများက ထိုးနှံပေးခဲ့သည်။
အဆိုပါ ထိုးနှံပေးရာတွင် လတ်တလောမြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးနှင့်တကွ ခရိုင်၊ မြို့နယ် ထွေအုပ်ဝန်ထမ်း(၉၈) ဦး၊ ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာမိသားစုဝင်များ (၁၅၀)ဦး စုစုပေါင်း(၂၄၈) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)