တိုက်ကြီး စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆိုင်ခန်းများအနက် ဆေးဆိုင်များနှင့် အခြေခံစားသောက်ကုန် ပစ္စည်းဆိုင်များသာ စက်တင်ဘာ လ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေး အတွင်း၊ အပြင်နှင့် ပျံကျဈေး တို့တွင် ဈေးရောင်းချနေသူများနှင့် ဈေးသို့ လာရောက် ဝယ်ယူသူပြည်သူများအား ပါးစပ်/ နှာခေါင်းစည်း(Mask)များ၊ လက်အိတ်များ တပ်ဆင် သွားလာရေးအတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ပိုစတာများကို မြို့မဈေး၏ ဝင် ပေါက်များတွင် အသိပညာပေး နှိုးဆော် ထားပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)