ချီဖွေ စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ အပြေးမီတာနှင့် အလျားခုန်ပြိုင်ပွဲကို မြို့နယ်အားကစားကွင်းတွင် ယနေ့ နံနက်ပိုင်း (၈) နာရီက ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် အပြေးမီတာ (၁၀၀) နှင့် (၂၀၀)ကို မူလတန်းအဆင့်၊ အပြေးမီတာ (၄၀၀)နှင့် (၈၀၀)ကို အလယ်တန်းဆင့်၊ အပြေးမီတာ (၁၅၀၀) နှင့် (၃၀၀၀)ကို အထက်တန်းဆင့်နှင့် အလျားခုန်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
အပြေးမီတာပြိုင်ပွဲ (၆) မျိုးတွင် မူလတန်းဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၂၆၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ပြီး အလျားခုန်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
မေခမွန်(ပြန်/ဆက်)