ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပန်ဆိုင်း စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က မျိုးဆက်သစ် ကလေးသူငယ်များ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့် လာစေရန်ရည်ရွယ်၍ ကလေးသူငယ်များဖြင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီး မှူးက ပြိုင်ပွဲများပြုလုပ်ရခြင်းမှာ ကလေးသူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် စာအုပ်စာစောင်များနှင့် ပိုမိုရင်းနှီးစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၁)ဦး တက်ရောက်ခဲ့ပြီး ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။