မြောက်ဥက္ကလာပ စက်တင်ဘာလ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉:၀၀ အချိန်က အ.ထ.က(၃)မြောက်ဥက္ကလာပကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အား/ကာဦးစီးမှူးဦးအောင်နိုင်ဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး အားကစားအဖွဲ့မှ တိုက်ကွမ်ဒိုပြကွက်၊ fitness dance မှ ကာယလေ့ကျင့်ခန်းပြကွက်များဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။
ထို့နောက်အားကစားပစ္စည်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ အ.ထ.က(၃)ကျောင်းသို့ လှူဒါန်းခဲ့ကြောင်းသိရသည်။ အခမ်းအနားကို မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)