လဲချား စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ-မ-က (ဟိုရင်)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ လူစုလူဝေးနေရာများကို ရှောင်ကျဉ်ရန်၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ထိုးနှံကြရန်နှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်သော စည်းကမ်းများအားလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)