အမရပူရမြို့နယ် ​​​​​ပြည်လုံးကျော်ကျေးရွာ၌ ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲပြုလုပ်

အမရပူရ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်လုံးကျော်ကျေးရွာ၊ သာသနာ့ဇောတိက ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်းတွင် မန္တ လေးတိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှု၊ အမရပူရ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင် ရာများပါဝင်​သော စစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာ ပြည်သူလူထုတွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအမရပူရမြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးအောင်ထွန်းကအဖွင့်အမှာစကားပြောကြားပြီးဌာနဆိုင်ရာဝန်ထမ်းများနှင့်မိတ်ဆက်ပေးခဲ့သည်။ယင်းနောက်အမရပူရမြို့နယ်စီမံအုပ်ချုပ်အဖွဲ့၊အဖွဲ့ဝင်ဗိုလ်မှူးကျော်တေဇနှင့်အတွင်းရေးမှူး ရဲမှူးမျိုးလွင်အောင်တို့က လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များကို ပြောကြားခဲ့သည်။ ထို့နောက်ဒေသဖွံ့ဖြိုး ရေးအတွက်ကျေးရွာက လိုအပ်သည့် စိုက်ပျိုးရေရေအလုံအလောက်ရရှိရေး၊ ဓါတ်မြေသြဇာရရှိရေး၊ အိမ်ထောင်စုဇယားနယ်ဝင်နယ်ပြောင်း၊ အသစ်လုပ်၊ မှတ်ပုံ တင်ကိစ္စစသည့်အချက်များ ကို တင်ပြကြရာ သက်ဆိုင်ရာဌာနများက ရှင်းလင်းပေးခဲ့ကြသည်။

ယင်းနောက်မြို့နယ် အုပ်ချုပ်ရေးမှူးကကျေးရွာအတွင်းရှိ ကိုယ်ဝန်သည်များနှင့်တစ်နှစ်အောက် ကလေး မိခင်များအတွက် ကြက်ဥများနှင့်ကျေးရွာအတွက် နှာခေါင်းစည်းမက်စ်များကိုပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကျန်မာရေးဦးစီးဌာနကကျေးရွာအတွင်း ကိုဗစ်ကာကွယ်ဆေးမထိုးရ သေးသူများ၊ နှစ်ကြိမ်ထိုးပြီး ၆ လကျော်သူများ အားထပ်ဆောင်း ဆေးထိုးခြင်း လုပ်ငန်းများဆောင်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်း၍ စားသုံးဆီ တစ်ပိဿာ ၆၀၀၀ နှုန်းဖြင့် ရောင်းချပေးနေမှုများကို အမရပူရမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)