တာလေမြို့၌ သားငါးရောင်းချသည့်ဆိုင်များအား စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိစစ်ဆေး

တာလေ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ စည်ပင်သာယာရေးဦးစီးဌာနမှ တာလေတပ်နယ်စျေးအတွင်း အသားငါးရောင်းချနေသော ဆိုင်များတွင် အသားငါးများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း  ရှိ/မရှိ စစ်ဆေးခြင်းကိုယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခြင်းကို တာလေမြို့ စည်ပင်သာယာရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးမနားရွှီး ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တပ်နယ်စျေးမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်၍ မိဘပြည်သူများ သတ်မှတ်စျေးနှုန်းများဖြင့်သာ ဝယ်ယူစားသုံးနိုင်ရန်နှင့်စျေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်များတွင် အသားငါးများကို သတ်မှတ်စျေးနှုန်းထက်မြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စျေးနှုန်းများ မြှင့်တင်ရောင်းချခြင်း ရှိ/ မရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

တာလေမြို့ တပ်နယ်စျေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသာ အသားငါးဆိုင်များအနေဖြင့် အသားငါးများကို ရောင်းချရာတွင် စျေးနှုန်းများမြှင့်တင်ရောင်းချခြင်းမရှိပဲ သတ်မှတ်ထားသည့် နှုန်းဖြင့်သာ စျေးနှုန်းမှန်ကန်စွာရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း မြို့စည်ပင်သာယာရေးဌာနမှ သိရသည်။

အောင်ကျော်မိုး