နောင်ချို စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချနိုင်ပြီး ကလေးငယ်များ ကျန်းမာစွာ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်တွင် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကာကွယ်ဆေး မထိုးနှံမီ ဆရာ၊ ဆရာများနှင့် ကျန်းမာရေးဝန်ထမ်းများက အပူချိန် တိုင်းတာ ပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့် လက်ကိုသန့်စင်စေခြင်းများ ပြုလုပ်ဆောင်ရွက်ပေးပြီးနောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် WVEC ပိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောက်ဂူ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ(၃၈၂)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)