စဉ့်ကိုင်၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့ဝင်/မြို့ထွက်၌ ခရီးသွား ပြည်သူများအား ခရီးသွားထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း၊ ခရီးသွားရာဇ၀င် ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်းများတပ်ဆင်လာခြင်း ရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များမှ ယနေ့နံနက် (၉)နာရီက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရေးအတွက် အခြားတိုင်းနှင့် ပြည်နယ်များ၊ ခရိုင်မြို့နယ်များမှ လာရောက်ကြသော ခရီးသွားပြည်သူများအား မော်တော်ယာဉ် အဝင်/ အထွက် စာရင်းပြုစုမှတ်သားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုပေးနိုင်ရန် ခရီး သွားထောက်ခံချက် ပါ/မပါစစ်ဆေးခြင်း၊ ခရီးသွားရာဇ၀င်ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်လာခြင်း ရှိ/မရှိစစ်ဆေး၍ နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုး၊ ဒုတိယဦးစီးမှူး ဦးဇော်မင်းဆင့်နှင့်၀န်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်