ကလောမြို့နယ်တွင်လူထုအခြေပြုဗဟိုဌာန၌စာပေချစ်သူများ(Book Ckub)ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကလော စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယနေ့ နံနက်(၁၀)နာရီအချိန်က  စာပေချစ်သူများ စာဝိုင်း (Book Ckub) ယင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  စာပေချစ်သူများစာဝိုင်းတွင်   မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က  လစဉ်စာဖတ်ဝိုင်းများကျင်းပရခြင်းသည်   စာပေနှင့်ပြည်သူ ရင်းနှီးကျွမ်းဝင် လာစေရန်၊   စာပေအပေါ်စိတ်ဝင်စားစေလာပြီး   စာပေ၏တန်ဖိုးကို သိရှိနား လည်လာကာ စာဖတ်ရှိန်များ မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း စသည်ရည်ရွယ်ချက်ကို ပြော ကြားခဲ့သည်။

ထို့နောက်  မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီးက  စာပေသည်   လူတစ်ယောက်အတွက် များစွာ အထောက်အကူပြုပါကြောင်း  သုတစာပေသည်   လူတစ်ယောက်၏ ဦးနှောက်ကို  အားဖြည့်ပေးသည်ဖြစ်၍  မှန်ကန်သောအတွေးအခေါ်   မှန်ကန်သောဆုံးဖြတ်ချက်များ   ခိုင်မာစွာ ဆောင်ရွက်နိုင်ပါကြောင်း ရသစာပေသည် လူတစ်ယောက်အတွက် နှလုံးသားကို အားဖြည့်ပေးသည့် စာပေဖြစ်သောကြောင့် ကိုယ်ချင်း စာတရားများဖြစ်ပေါ်လာနိုင်ပါကြောင်းစသည်ဖြင့်ဆွေးနွေးခဲ့ပြီး စာရေးဆရာ လွန်းထားထားရေးသည့် အဆိပ် ဆိုသည်အုပ်ပါ ဇာတ်ကောင်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက်     စာရေးဆရာမ ဒေါ်သန်းလွင်(ဟဲဟိုး)နှင့်     စာရေးဆရာ ဦးအောင်ချစ်(ဟဲဟိုး)တို့က စာအုပ်ပါ ဇာတ်ကောင်များသည် သူငယ်ချင်းသုံးဦး၏အကြောင်း လူငယ်နှစ်ဦး၏အကြောင်း အမျိုးသမီးနှစ်ဦးနှင့် ပတ်သက်သည့်အကြောင်းစသည်တို့ကို အကျယ်တဝင့် ဝေဖန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)