ပင်လောင်းမြို့နယ်၌ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ

ပင်လောင်း စက်တင်ဘာ  ၁၅

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင် ကျေးရွာအုပ်စု၊ ထီရေး၊ ထီရယ်၊ ဘုရားဖြူ ကျေးရွာများတွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်  မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းနှင့် ဒေသခံပြည်သူများ  တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က  ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊လုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စသည့်လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ကြရေး အမှာစကားပြောကြားပြီး အဖွဲ့ဝင် (၁)ဗိုလ်မှူး ညီညီမင်းက ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုမရှိစေရေး၊ မြို့နယ်အတွင်းလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများ၊အတွင်းရေးမှူး ခေတ္တမြို့နယ်မှူး ဒုတိယရဲမှူး ဝင်းနိုင်က တရားဥပ ဒေစိုးမိုး ရေး ၊မူးယစ် ဆေးဝါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ကျေးလက်၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ မွေး/ကု၊ ကျေးလက်/လမ်း ဦးစီးဌာနများမှ မြို့နယ် ဦးစီးမှူးများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ကြရာ ထီ ရေးရွာ၊ ထီရယ်ရွာ၊ ဘုရားဖြူရွာတို့မှ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲပြုလုပ်နေချိန်တွင် မြို့နယ်လဝကရုံးမှလက်ထောက် ဦးစီးမှူးဦးဇေယျာချစ်နှင့်အဖွဲ့က ဒေသခံပြည်သူ (၂၉)ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ တွေ့ဆုံပွဲပြီးစီးချိန်တွင် အ.ထ.က ထီရယ်ကျောင်း၌ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက ကျောင်းဖွံဖြိုးတိုးတက်ရေး၊  ပညာသင်ကြားရေးပိုင်းဆိုင်ရာ လုပ်ငန်းများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ အားတွေ့ဆုံမှာကြားခြင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာသော်လှိုင်ကိုနှင့် ထီရိုင် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဒေါ်ခင်စန်းကြူနှင့်အဖွဲ့မှ ကျေးလက်နေပြည်သူများ၊ မူလတန်းအဆင့်ကျောင်းသား/ သူများအား အထွေထွေ ကျန်းမာရေးစစ်ဆေးပေးခြင်း၊သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်အသက်(၁၂)နှစ် အထက် (၁၈)နှစ်အောက် ကျောင်းသား/သူ များအား တတိယအကြိမ် ကိုဗစ်ရောဂါကာကွယ်ဆေး (Sinovac) ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်   (ပြန်/ဆက်)

ပင်လောင်း