ဥတ္တရခရိုင်ရုံး၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်ရုံးတွင် ကျောင်းသား/ကျောင်းသူများအား ညာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန် ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကလေးများဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်လေ့လာနိုင်သည့်နေရာ၊ ပညာဗဟုသုတများ ရှာမှီးရာနေရာတစ်ခုအဖြစ်သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကလေးငယ်များစုစုပေါင်း(၂၀)ဦးတို့က စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဥတ္တရခရိုင်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ဟောပြောပွဲများဆောင်ရွက်ပေးခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)