ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူများ  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်  နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေ  

ဒက္ခိဏသီရိ စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေနံနက် (၉)နာရီမှစတင်၍ ဒက္ခိဏသီရိ မြို့နယ်ရှိ ကံကော်ပန်းအဝိုင်းအနီး ရာဇသင်္ဂဟလမ်းပေါ်နှင့် ရွှေပြည်တော်ဝင်လမ်းဆုံ၌  ဒေသခံ ပြည်သူများအား နှာခေါင်းစည်း Maskများ အခမဲ့‌ဖြန့်ဝေပေးခြင်းနှင့် Mask တပ်ဆင် သွားလာရန်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးစိုးမိုးကြည်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပြည်သူများအား နှာခေါင်းစည်း Maskများအခမဲ့‌ဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်သွားလာရန် အသိပညာပေးခြင်းများနှင့် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ကံကော်ပန်းအဝိုင်းအနီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များ အတွက်လည်း  နှာခေါင်းစည်း Mask များကို လည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ပြန်/ဆက်)