သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး (တတိယအကြိမ်) Booster Doseကို ဆက်လက်ထိုးနှံပေး

သရက်ချောင်း   စက်တင်ဘာ   ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်–၁၉ ရောဂါကာကွယ် ဆေး(တတိယအကြိမ်) Booster Doseကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဥ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် (ပထမအကြိမ်) ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံ ရသေးသောကျောင်းသား/သူများ၊ (ဒုတိယအကြိမ်)ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/သူများ၊ (ဒုတိယအကြိမ်)ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံ၍ (၆)လ ပြည့်ပြီးသော ကျောင်း သား/သူများအား(တတိယအကြိမ်) Booster Doseကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများကို စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများအားထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး ၏ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိ သူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)