လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

လဲချား စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၁၀)နာရီချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ကိုထိုးနှံ ပေးခဲ့သည်။

ယင်းသို့ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာ ဇင်မောင်နွယ်နှင့် ဝန်ထမ်းများက  အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးBooster  Doseကိုထိုးနှံပေးရာတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်တာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Doseကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း  သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)