မရမ်းကုန်း စက်တင်ဘာလ ၁၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အောင်သဇင်ဓမ္မာရုံတွင် မြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကာကွယ်ရေးစစ်ကြောင်းတို့မှဦးစီး၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဆက်လက်ဖြန့်ဖြူးရောင်းချခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀/- ကျပ်၊ ဆီတစ်ပိဿာလျှင် ၄၈၀၀/-ကျပ်နှင့် ကြက်ဥတစ်လုံးလျှင် ၁၇၅/- ကျပ်နှုန်းဖြင့်ရောင်းချပြီး လာရောက်ဝယ်ယူသူများနှင့် ဖြတ်သန်းသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)