မူဆယ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး မီးပွိုင့်လမ်းဆုံ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့သည်။
အဆိုပါ ဖြန့်ဝေဆောင်ရွက်ရာတွင် မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့်အဖွဲ့ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းအဖွဲ့များနှင့် ကြက်ခြေနီ အသင်းအဖွဲ့များက နှာခေါင်းစည်း Mask (၇၂၀၀) နှင့် လက်ကမ်းစာစောင်များကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အခမဲ့ ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)