လှည်းကူးမြို့နယ် စိုက်ပျိုးရေးသင်တန်းကျောင်းအား Quarantine Center အဖြစ်ပြင်ဆင် ဆောင်ရွက်

လှည်းကူး စက်တင်ဘာ ၁၅

ကိုဗစ်−၁၉ Positive လူနာနှင့် ထိတွေ့မှုရှိသူများကို အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုပြုလုပ်နိုင်ရန် ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စိုက်ပျိုးရေးသင်တန်းကျောင်းအား ယနေ့ နံနက်(၈) နာရီခွဲက Quarantine Center အဖြစ်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေးသင်တန်းကျောင်း၌ လှည်းကူးမြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ Positive လူနာနှင့် ထိတွေ့မှုရှိသူများကို အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုပြုလုပ်သွားနိုင်ရန် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဌေးအောင်၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဝင်များနှင့် လှည်းကူးမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ အဆိုပါကျောင်းရှိ သင်တန်းသား အိပ်ဆောင်တို့တွင် တစ်ခန်းလျှင်(၂)ယောက်စီဖြင့် (၅၀)ဦးထားရှိနိုင်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)