ဟိုပန် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်ငါးနှစ် မှ ကိုးနှစ်အတွင်းရှိ ကျောင်းသား/သူ ကလေးငယ်များအား ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ကျန်းမာရေးဝန်ထမ်းများက ဩဂုတ်လ(၂၄)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကျောင်းသား၊ကျောင်းသူ(၁၈၉၇)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဟိုပန်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အသက်(၅)နှစ်မှ (၉)နှစ်အထိ ကျောင်းသား/သူ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို ဟိုပန်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်(၁၈)ရပ်ကွက်နှင့် ကျေးရွာ(၉၁)ရွာရှိ သက်ဆိုင်ရာစာသင်ကျောင်း၊ ဆေးထိုးစုရပ်နေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)