ကွန်ဟိန်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တား ဆီးကာကွယ်ရေး အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ထွေးထွေးခိုငတို့က လူကုန်ကူးမှု၏ အဓိပ္ပာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများ၊ လူကုန်ကူးမှုဆိုင်ရာ သိသင့်သည့်အချက်များ၊ လူကုန်ကူးခံရသည့် အဓိကအကြောင်းရင်းများ၊ လူကုန်ကူး ခံရသူများအား ကူညီစောင့်ရှောက်မှုပေးနေသည့် အကြောင်းအရင်းများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Talk Show အား အများပြည်သူဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး We Love Kunhing Page တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)