နမ့်စန်(တ) စက်တင်ဘာ- ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန( Community Centre) တွင် နမ့်စန်မြို့နယ် မာရီစတုပ်(စ်)(Marie Stopes) အဖွဲ့မှ ဆောင်ရွက်သည့် သားဆက်ခြားနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် Marie Stopes အဖွဲ့မှ Project Officer ဒေါက်တာအိမွန်ဇော် နှင့် Mobile Team Leader ဒေါက်တာခွန်အောင်ဇော်ဟိန်းတို့က ခေတ်ပေါ်သားဆက်ခြားခြင်း နည်းလမ်းများ၊ HIV ,AIDS, နှင့်လိင်မှတဆင့်ကူးစက်တတ်သောရောဂါများနှင့် လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာများ စသည်တို့ကို ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသူများ က သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို နံနက် ၉နာရီမှ နေ့လည် ၁၁ နာရီအထိ ဆောင်ရွက်ခဲ့ပြီး နမ့်စန် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူ အမျိုးသား အမျိုးသမီးစုစုပေါင်း ၃၀ ဦး ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်