ပျဉ်းမနားမြို့နယ်တွင် ပြည်သူများအား  ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်  Mask  Campaign ပြုလုပ်

ပျဉ်းမနား စက်တင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နေ့စဉ် နံနက်ပိုင်းတစ်ကြိမ်နှင့် မွန်းလွဲပိုင်းတစ်ကြိမ် လူစည်ကားရာစျေးများနှင့် လမ်းဆုံများတွင် Mask  Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာရန် အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

အဆိုပါ  Mask  Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင် သွားလာရန်အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့များက ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့‌ဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်သွားလာရန်အသိပညာ​ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍လည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)