တာချီလိတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က" သက်ရှိကမ္ဘာ အတွက် အရေးပါသောအိုဇုန်းလွှာ" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင်တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က ယခုလို On line အသိပညာပေးTalk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက ကမ္ဘာကြီးအတွက် အိုဇုန်းလွှာမည်မျှထိ အရေးပါမှုအခြေအနေ၊ အိုဇုန်းလွှာ ပျက်စီးရသည့်အကြောင်းရင်းများနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ အိုဇုန်းလွှာ ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ထားရှိမှုအခြေအနေ စသည်တို့အား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးလတ်