နမ့်ခမ်းမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ သမီးကလေး(၃)မွှာပူး မွေးဖွားသည့် အမျိုးသမီးအား သွားရောက် ထောက်ပံ့

နမ့်ခမ်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ခုတင်(၁၀၀)ပြည်သူဆေးရုံ၌ အမျိုးသမီး တစ်ဦးမှ သမီး ကလေး(၃)မွှာပူးကို ကျန်းမာစွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်၊ အွယ်လောကျေးရွာအုပ်စု၊ အွယ်လော ကျေးရွာနေ ဒေါ်အမ်အေး(၃၇)နှစ်သည် (၁၂-၉-၂၀၂၂) ရက်နေ့ ည(၁၀;၂)မိနစ်အချိန် (၄)ပေါင် (၂)အောင်စ ပထမသမီး၊ (၁၀;၃)မိနစ် အချိန် (၃)ပေါင် (၈)အောင်စ ဒုတိယသမီးနှင့် (၁၀;၄)မိနစ်အချိန် (၄)ပေါင် တတိယသမီး (၃)မွှာပူးကို ကျန်းမာစွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့သည်။

သမီးကလေး(၃)မွားပူးကို ခွဲစိပ်မွေးဖွားနိုင်ခဲ့သည့် ကလေးမိခင်အား နမ့်ခမ်းမြို့ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းမှ တာဝန်ရှိသူများက ထောက်ပံ့ငွေ၊ ကြက်ဥ၊ ကွေကာထုပ်၊ နို့မှုန့်၊ ကလေးအသုံးအဆောင်ပစ္စည်းများနှင့် စသည့်အာဟာရပစ္စည်းများ သွားရောက်ထောက်ပံ့ပေးပြီး မိခင်နှင့် ကလေး(၃)ဦးစလုံး ကျန်းမာလျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)