ကျိုင်းတုံမြို့၌ မူးယစ်ဆေးဝါးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကျိုင်းတုံ  စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ မူးယစ်ဆေးဝါးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

Talk Show ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားပြီး         ရှမ်းပြည်နယ်(အရှေ့ပိုင်း) မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များအလိုက် မူးယစ်ဆေးဝါးကင်းစင်ရေး၊ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု လျော့နည်းပပျောက်ရေးနှင့် ပိုမိုကျန်းမာကြံ့ခိုင်သော မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ပြည်သူ များအား အသိပညာပေးရေး၊ အရည်အသွေးမြှင့်တင်ရေး၊  ခုခံအားနည်းလူငယ်များအား ပံ့ပိုးထောက်ပံ့ရေးစသည့် လုပ်ငန်းများဆောင်ရွက်နေမှုနှင့်  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)