မူဆယ်မြို့ အ.ထ.က(၁)ကျောင်းတွင် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျောင်းသူ/သားများအား ဂျပန်ဦးနှောက်ရောင် အမြှေးပါးရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မူဆယ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က(၁)ကျောင်းခန်းမ၌ ယနေ့ နံနက်၁၀ နာရီခွဲအချိန်က ကျန်းမာရေးဌာနမှ ဝန်ထမ်းဆရာမများက အသက်(၅)နှစ်နှင့်(၉) နှစ်အကြား ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျောင်းသူ/ သားများအား ဂျပန်ဦးနှောက်ရောင်အမြှေးပါးရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးပေးရာတွင် ကျောင်းသူ(၂၃)ဦးအား ထိုးနှံပေးခဲ့သည်။ ယင်းနောက် ဂျပန်ဦးနှောက်ရောင် အမြှေးပါးရောင်ရောဂါကာကွယ်ဆေးထိုးနှံ ပေးရာတွင်လည်း ကျောင်းသူ/သား (၁၂၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)