မိုင်းငေါ့ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရုံးခန်း(Youth Club)အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ဒို့ကျေးရွာဂျာနယ်စာစောင် အတွဲ၁၉၊အမှတ်၁၇ ဖြင့်စာဖတ်ဝိုင်း ကိုပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်း များရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် (Yout Club) အသင်းမှ၊ မဟေမာန်ဦးက စာတတ်ခြင်းစာဖတ်ခြင်းဖြင့် အနာဂတ် ကောင်းများဖန်တီးနိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးသီတာက အသက်အရွယ်မရွေး ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစန္ဒာဦးက မကောင်းမှုများ ရှောင်ရှားပါခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးပေးကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော (Youth Club) အဖွဲ့ဝင်များက စာပေအကြောင်းအရာများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းကို တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)