လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လုပ်ငန်းစွမ်းဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ်

လားရှိုး  စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre သင်တန်းခန်းမတွင် ယမန်နေ့ နံနက်()နာရီအချိန်က လားရှိုးခရိုင်အတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းများ လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်ကန်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် တစ်ဦးချင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလာစေရန် ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး) ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ခုနှစ်သည် ဝန်ထမ်းများအတွက် သင်ကြား၊ သင်ယူ၊ လေ့လာမှုများကို ရပ်တန့်မထားဘဲ ဝန်ထမ်းများ၏ ရာထူးနေရာအလိုက် အစဉ်အမြဲလေ့လာသင်ယူနေရမည့် နှစ်ဖြစ်ပြီး ဝန်ထမ်းများ၏ စိတ်ဓာတ် ပိုမိုကောင်းမွန်ရေး၊ စိတ်ဓာတ်မြှင့်တင်ရေး  ပြုပြင်ပြောင်းလဲပေးရမည်ဟု ဌာန အကြီးအကဲများက လမ်းညွှန်ထားသည်နှင့်အညီ သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသွားပါက မိမိတို့သင်ကြားသိရှိခဲ့သည် သင်ခန်းစာများနှင့် မိမိတို့လုပ်ငန်းနယ်ပယ်များတွင် အမှားနည်း၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူစေလိုကြောင်း ပြောကြား၍ သင်တန်းအား ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါသင်တန်းအား လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ တက်ရောက်လျက် ရှိပြီး ရုံးစာရေးသားနည်း၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စာကြည့် တိုက်လုပ်ငန်း၊ ငွေစာရင်းထိန်းသိမ်းနည်း၊ သတင်းရေးသားနည်း၊ သတင်းဗီဒီယိုရိုက်ကူး တည်းဖြတ်ခြင်း၊ ပြည်သူ့ဆက်ဆံရေး စသည့်ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ()ရက်တာ ကြာမြင့်မည် ဖြစ်သည်။

သင်တန်းတွင် သင်ကြားပို့ချသောဘာသာရပ်များအား  သင်တန်းပြီးဆုံးပါက ဆန်းစစ်ချက် ဖြေဆိုရမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ချက်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး