တပ်ကုန်း စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ တစ်ကျော့ပြန်လည် ကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူစည်ကားသည့် မြို့တွင်း အောင်သီဟလမ်းနှင့် မြို့အဝင်ကြို့ပင်သာစစ်ဆေးရေးဂိတ်တွင် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်း ဆောင်ရွက်ခဲ့သည်။
တပ်ကုန်းမြို့နယ်အတွင်း ခရီးသွားများနှင့်ဈေးရောင်း/ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်စေရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသူတိုင်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်သွားလာရန်၊ လက်ကို မကြာခဏ စင်ကြယ်စွာဆေးကြောသည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း(Mask)ကို အခမဲ့ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ စက်တင်ဘာ ၈ရက် နံနက်ပိုင်းက စတင်၍ ယနေ့ထိ Mask Campaign ပြုလုပ်ခဲ့ရာ နှာခေါင်းစည်း(Mask) စုစုပေါင်း(၂၅၀၀၀)ခု ကို အခမဲ့ဖြန့်ပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်