တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တောင်ကြီး     စက်တင်ဘာ     ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခွန်သက်နောင် ဦးဆောင်၍ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေး လုပ်ငန်းများကို ဝါးပြားလမ်းဆုံနှင့် ၂၁၂ စျေးရှေ့တွင် ယနေ့နံနက် နာရီခွဲက ပူးပေါင်း ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများမှ လမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း Mask (၁၀၀၀) ကို အခမဲ့ဖြန့်ဝေပေး၍  စနစ်တကျတပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခြင်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအကြောင်းအရာများကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ကြသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေးလုပ်ငန်းများကို ပိုမိုထိရောက်မှုရှိစေရန်အတွက် လူစည်ကားရာ နေရာများတွင် ရက်သတ္တပတ်လျှင် သုံးကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇော်နိုင်လင်း