တနိုင်း စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ တနိုင်းမြို့ပေါ်ရှိဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့ နံနက် (၇) နာရီခွဲ မှ (၉) နာရီခွဲ ချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ရောင်းချပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် (၁၇၂၅) ကျပ် ၊ ဝက်သား (၂၅) ကျပ်သားလျှင် (၂၅၀၀) ကျပ် ၊ ကြက်ဥတစ်လုံးလျှင် (၁၅၀)ကျပ်နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၄)ပြည်၊ ဝက်သား (၂၅) ကျပ်သား၊ ကြက်ဥ ၁၀ လုံးစီနှင့် ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တို့အား သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောင်းချခြင်းကို တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
မနောမြေ(တနိုင်း)