တနိုင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

တနိုင်း      စက်တင်ဘာ  ၁၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် (၁၀) နာရီက ပုန်ခုန်းရပ်ကွက်ရှိ  အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စာကိုကြိုးစားလေ့လာသင်ယူရန်၊ ကျောင်းစည်းကမ်းများအား လိုက်နာရန်နှင့် ကျောင်းသား/သူအချင်းချင်း ကူညီရိုင်းပင်ကြရန် ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးက လူငယ်ရေးရာ အသိပညာပေး ဟောပြာရာတွင် ကျောင်းသား/သူများအား လူငယ်နှင့်ကျန်းမာရေးအကြောင်း၊ စာကောင်းပေမွန်များ ဖတ်ရှုလေ့လာရန်၊ ရည်မှန်းချက်ပန်းတိုင်များထားရှိရန် လိုကြောင်း အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကော့ဖန်က ကျောင်းသား/သူများ ကျောင်းစည်းကမ်းများ လိုက်နာရန်၊ အချင်းချင်း ကူညီရိုင်းပင်ကြရန်၊ ခိုက်ရန်မဖြစ်ပွားကြရန်‌နှင့်  ယခုလိုအသိပညာပေးဟောပြောပွဲ များ ဆောင်ရွက်ပေးသည့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းစကား ပြောကြားခဲ့သည်။

  မနောမြေ(တနိုင်း)