မက်မန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

မက်မန်း စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(mask)များအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်တပ်ဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် မက်မန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် နေအိမ်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးခြင်း၊ နှာခေါင်းစည်း (mask)များအခမဲ့ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မက်မန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)