ကန်ပိုက်တီမြို့တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

ကန်ပိုက်တီ စက်တင်ဘာ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကန်ပိုက်တီမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသင်းအဖွဲ့၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များတွင် လမ်းသွားလမ်းလာများ၊ ဈေးရောင်းဈေးဝယ်များအား နှာခေါင်းစည်း (Mask) အခုရေ (၁၀၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့သည်။

လဆန် (ပြန်/ဆက်)