ဝိုင်းမော် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၁ နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ ဝိုင်းမော်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှူး ဒေါ်မိုးသူဇာက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံပိုင်အခန်းရင်းနှီးမြှပ်နှံမှုအစီအစဉ်များ၊ လျာထားချက်များ ရေးဆွဲရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်အကြီးအကဲများမှ မိမိသိရှိလိုသည်များကို မေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဖြူစင်