မုဒုံ စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံ ပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မုဒုံတပ်နယ်မှ တပ်မတော်သားများနှင့် တပ်မတော်မိသားစုဝင်များက ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည်လျှင် ငွေကျပ်၁၅ဝဝ၊ ဆီ၂၅ကျပ်သားလျှင် ငွေကျပ်၂၀ဝဝ၊ ကြက်ဥတစ်ကဒ်လျှင် ငွေကျပ်၅၁ဝဝ၊ ပဲထောပတ်တစ်ဘူးလျှင် ငွေကျပ်၂၀၀၀နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ၊ သား၊ ငါး၊ ဝက်မျိုးစုံ၊ ဆီသွပ်ဘူးမျိုးစုံတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများမှ လက်ရောက်ဝယ်ယူကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများသည် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ယူသူများနှင့် ဒေသခံပြည်သူများအား နှာခေါင်းစည်း Mask များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
မုဒုံသူ (ပြန်/ ဆက်)