လွိုင်လင်မြို့၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

လွိုင်လင် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ကျန်းမာပျော်ရွင်စွာပညာသင်ကြားနိုင်ရေး၊ ကျောင်းစာအပြင် အသိပညာဗဟုသုတများတိုးပွားရရှိလာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဒေါ်ဖြိူးဖြိုးအေးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊လွိုင်လင်ခရိုင်ရုံးမှ နည်းစနစ်မှူး ဒေါ်စုမြတ်မွန်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်းနှင့်ပတ်သက်၍ သင်ကြားပေးသည့်အခြေအနေ၊ သတ်မှတ်အရည် အချင်းများပြည့်စုံပါက တက်ရောက်နိုင်သည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက Perfect ဖြစ်သောလူငယ်များ ဖြစ်ပေါ်လာရေးအတွက် ကျောင်းသား/သူများ အသိပညာအပြင်၊ အတတ်ပညာများတိုးပွားလာစေရန် စာဖတ်ခြင်းနှင့် အခြားဗဟုသုများရရှိစေရန် ကြိုးစားအား ထုတ်ကြရန်ပြောကြားသည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးကအားကစား၏ အဓိပ္ပာယ်၊ ယှဉ်ပြိုင်အားကစား၊ လူထုအားကစားနှင့် အပမ်းဖြေအားကစားဟူသည့် အားကစားနည်းများအကြောင်းနှင့် အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးမည့် အားကစားနည်းများကို ရှင်းလင်ပြောကြားသည်။ ထို့နောက် အားကစားသိပ္ပံမှ မဇူဇူးမောင်မှ ဂျူဒိုအားကစားနည်းကို သရုပ်ပြကစားပြီး မြို့နယ် အားကစားမှူးက ကျောင်းအုပ်ဆရာမကြီးထံသို့ အားကစားပစ္စည်းများပေးအပ်လှူဒါန်းသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဟောပြောပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အလားတူ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် လွိုင်လင်မြို့ အထက(၃) ကျောင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်