ဧရာဝတီ မြစ်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကျင်းပ

မန္တလေး  စက်တင်ဘာ ၁၄

မန္တလေး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ပုဂံတပ်ကျေးရွာနှင့် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်အစပ်တွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြှောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက  ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲကကျင်းပပြုလုပ် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အောင်​မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ ပုသိမ်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်မိုးနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်း ငါးမြစ်ခြင်းအကောင်ရေ (၅)သိန်း၊ ငါးခုံးမအကောင်ရေ (၂) သိန်း စုစုပေါင်း ငါးအကောင်ရေ (၇) သိန်းအား စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)