နောင်ချို စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ပညာရေးဝန်ထမ်းတစ်ဦး၏ ရင်တွင်း စကားသံအချို့ကို ဖော်ပြလိုက်ပါသည်-
ဒေါ်မြင့်မြင့်စိန်၊ ကျောင်းအုပ်ဆရာမကြီး ၊ အ.မ.က(၃) ကျွန်မကတော့ အ.မ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန် ဖြစ်ပါတယ်ရှင်။ အခုကျွန်မ စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေး လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်။ အတူနေမိသားစု (၃)ဦးရှိပြီး၊ မိသားစုဝင်အားလုံး ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးရတဲ့အတွက် ဆရာနှင့်တပည့် သင်ကြားရေးအပိုင်းမှာရော မိမိရဲ့ကျန်းမာရေးအပိုင်းမှာရော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာပါတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့ အချိန်ကဆိုရင် ကိုယ်ကိုဘယ်အချိန် ရောဂါကူးစက်ခံရမလဲ ဆိုတာ စိုးရိမ်ပူပန်နေရပါတယ်။ ဆေးထိုးပြီးတော့ အဲ့ဒီပူပန်မှုတွေ မရှိတော့ပါဘူး။ ခုချိန်ထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုမရှိခဲ့ရပါဘူး။
ကျွန်မအနေနဲ့ ပြည်သူများကို အသိပေးချင်တာက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် မိမိကျန်းမာရေးအတွက် ယုံကြည်မှုတွေကိုရရှိစေပါတယ်။ ကာကွယ်ဆေးထိုးရမည့် သူတိုင်းမဖြစ်မနေ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်ရှင်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)