ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး အစည်းအဝေးကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်က မြို့နယ်များအလိုက် မူးယစ်ဆေးဝါးအလွဲသုံးစားမှုအကြောင်း အသိပညာပေးနှင့် မူးယစ်ဆေးဝါးပြဿနာနှင့် အန္တရာယ်များအကြောင်း ဗဟုသုတရရှိစေရေး အသိပညာပေးဟောပြောပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်နိုင်ရေး မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဆိုင်ရာ  လုပ်ငန်းများနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ရှမ်းပြည်ယ်(အရှေ့ပိုင်း)၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အဖွဲ့ဝင်များက လက်ရှိဆောင် ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းသည် မူးယစ်ဆေးဝါးကင်းစင်သည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်လာစေရန် မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုလျော့နည်း ပပျောက် ရေးနှင့် ပိုမိုကျန်းမာကြံ့ခိုင်သော မြန်မာ့လူဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရေး စတဲ့ရည်ရွယ်ချက်များဖြင့် ပြည်သူများအား အသိပညာပေးရေး၊ အရည်အသွေးမြှင့်တင်ရေး၊  ခုခံအားနည်းလူငယ်များအား ပံ့ပိုးထောက်ပံ့ရေး စသည့်လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)