ကလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကျင်းပ

ကလော စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)  ကလောမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က  ကလေး အလုပ်သမား ပပျောက်ရေးအသိပညာပေး(Talk Show)ကို ယင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး( Talk Show )တွင်  ကလေးသူငယ်များ လုပ်ကိုင်သမျှ အလုပ်အားလုံးကို  ကလေးအလုပ်သမားဟု အတန်းစားမသတ်မှတ်သင့်ကြောင်း ကလေးဘဝ ရှေ့အလား အလာနှင့် ဂုဏ်သိက္ခာတို့ကိုကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို  ထိခိုက်နစ်နာစေပါကြောင်း၊ ယင်းအလုပ်မျိုးကိုလုပ်ကိုင်နေရသူများကို ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ(သို့မဟုတ်) စာရိတ္တပိုင်းဆိုင်ရာကို ထိခိုက်နစ်နာစေသည့်  အလုပ်မျိုး (သို့မဟုတ်)၎င်းတို့၏  ပညာသင်ကားရေးကို ထိခိုက် စေပါကြောင်း ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မှီကျောင်းမှ မဖြစ်မနေထွက် ရခြင်း ကျောင်းတက် ခြင်းနှင့်အတူ    ပြင်းထန်းသောအလုပ်ကို    အချိန်ကြာမြင့်စွာ  လုပ်ကိုင်ရန်လိုအပ်ခြင်း စသည်ဖြင့် ကလေးလုပ်သား၏ အကျိုးဆက်များ၊  ဘေးဉပါဒ်အန္တရာယ်   ကျရောက်နေပါကြောင်းစသည်ဖြင့် ဒေါ်သင်းသင်းမော်က ဆွေးနွေးပြောကြားခဲ့သည်။

ထို့ကြောင့် ယင်းကဲ့သို့  ကလေးသူငယ်အလုပ်သမားများမရှိစေရေး  သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆွေးနွေး ပြောကြားလျက်ရှိပါကြောင်း အကြောင်းအမျိုးမျိုးကြောင့်  မိသားစုအတွင်း  အခက်ခဲအမျိုးမျိုးရှိနေသော်လည်း   မိမိတို့၏ သားသမီးငယ်များကို    စားဝတ်နေရေးအတွက် ပင်ပန်းစေမည့်  အလုပ်မျိုး မခိုင်းသင့်ပါကြောင်း    ကျောင်းနေအရွယ်မှာ ကျောင်းပညာရေးကိုသာ ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း    အကြောင်း အမျိုးမျိုးကြောင့်     မိဘမဲ့သားသမီးများကိုလည်း ရင်ဝယ်သားသမီးကဲ့သို့ ပြုစုစောင့်ရှောက်ပြီး နည်းလမ်းမှန်ကန်စွာလမ်းကြောင်းပေးသင့်ပါကြောင်း စသည်ဖြင့် ဒေါ်ယဉ်ယဉ်ထွေးက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)