ဒဂုံမြောက် စက်တင်ဘာ ၁၄
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး ကျင်းပမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းနှင့် ထမ်းစင်ဖြင့် လူနာသယ်ဆောင်နည်း စွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းမှ ဆုတံဆိပ်များရရှိမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသန်းဝင်းမှ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြို့နယ်ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်းဖြင့် အကြိမ်ရေအများဆုံး ဆောင်ရွက်နိုင်မှု ပထမဆု တစ်ယောက်ချင်းစွမ်းရည် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ နှစ်ယောက်တွဲ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ လေးယောက်တွဲအမျိုးသား ဒုတိယဆု၊ လေးယောက်တွဲ ထမ်းစင်အမျိုးသမီး နှစ်သိမ့်ဆုများ ရရှိခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ